
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူး(၁၂)နေရာအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်-
| စဉ် | ခန့်ထားမည့်ရာထူး | လစာနှုန်း(ကျပ်) | ပညာအရည်အချင်း | လစ်လပ်နေရာ | 
| (က) | စာရင်းကိုင်(၄) | ၁၈၀၀၀၀-၂၀၀၀ ၁၉၀၀၀၀ | ဘွဲ့ရ | (၂)ဦး | 
| (ခ) | အငယ်တန်းစာရေး | ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ | ဘွဲ့ရ | (၁)ဦး | 
| (ဂ) | မြေတိုင်း(၅) | ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ | ဘွဲ့ရ | (၇)ဦး | 
| (ဃ) | ပုံဆွဲ(၅) | ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ | ဘွဲ့ရ | (၁)ဦး | 
| (င) | ယာဉ်မောင်း(၅) | ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ | အခြေခံပညာအလယ်တန်း အဆင့် | (၁)ဦး | 
အထက်ဖော်ပြပါ ရာထူး (၁၂)နေရာများအတွက် အချိန်မီလျှောက်ထားနိုင်ရန် အသေးစိတ်အချက်အလက်များအား အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း-
http://www.surveydepartment.gov.mm/news/917
